Friday, 14 November 2014

Flashtool Firmware ထဲမှ Logo.binကိုစိတ်ကြိုက်ပြင်ပြီး BootLogoချိန်းခြင်း


MTK device တွေအတွက် Flashtool firmware တွေထဲမှာ img တွေကြားထဲမှာ logo.bin လေးရှိပါတယ်။အဲဒီ bin လေးကိုဖြည်လိုက်ရင် boot တက်လာရင်ပထမဆုံးပြတဲ့ logo ပုံလေးတွေရှိပါတယ်။ အဲဒီတော့အဲဒီ ပုံလေးတွေကို မိမိဒီဇိုင်းနဲ့ ပြန်လည်ပြုပြင်ပြီး Archive လုပ်ပြီး Flash ရင် ဖုန်းမှာ မိမိ လိုဂိုလေးနဲ့ တက်လာမှာဖြစ်ပါတယ်။ အဲဒီတော့ logo.bin ကို ဖြည်ထုတ်ဖို့ အသင့်သုံး Tool လေးတစ်ခုရှိပါတယ်။ အောက်ကလင့်မှာအရင်ဒေါင်းလုပ်ဆွဲလိုက်ပါ။

DOWNLOAD HERE


ပြီးရင် Tool ကိုRun ပါ Create new project ကိုနှိပ်လိုက်ရင် မိမိပြင်ချင်တဲ့ Firmware ထဲက logo.bin ရှိရာကိုညွှန်းပြီးရွေးပေးလိုက်ပါ။ဒါဆို ဖြည်ထုတ်မယ့် ဖိုင်တွေထားဖို့  ဖိုဒါတစ်ခုရွေးခိုင်းပါလိမ့်မယ်။ ဖိုဒါအသစ်ဆောက်ပြီး ရွေးပေးလိုက်ပါ။
ဒါဆို logo.bin ထဲကဖိုင်တွေကို မိမိသတ်မှတ်ထားတဲ့ ဖိုဒါထဲဖြည်ထုတ်ပါလိမ့်မယ်။ ဒါဆိုအောက်ပါအတိုင်းတွေ့ရပါမယ်။အဲတိုင်းထားထားပါ။













နောက်အဆင့်အနေနဲ့ကတော့ မိမိဖြည်ထုတ်ထားတဲ့ ဖိုင်တွေထားရာဖိုဒါကိုသွားလိုက်ပါ။အဲမှာ ပုံလေးတွေရောက်နေပါပြီ..အဲဒီမှာ မိမိပြင်ရမယ်မယ့် အဓိက လိုဂိုပုံတွေတွေ့ပါလိမ့်မယ် မိမိဒီဇိုင်းအတိုင်းပုံနဲ့  နာမည်တူပေးပြီး အဲဒိဖိုဒါထဲ Replace လုပ်ပါ။ နဂိုက IMG39 ကို အစားထိုးမယ်ဆို မိမိစိတ်ကြိုက်ပုံကိုလည်း IMG39 ကိုအမည်ပေးပြီး ထိုထဲကို paste လုပ်ပါ။ ဆိုဒ်တူ name တူပါစေ။သေချာချင်ယင်တော့ ။။။ မိမိပြင်မယ့် လိုဂိုပုံကို Right click ထောက် Open With.Photoshop နဲ့ဖွင့်ပြီး မိမိစိတ်ကြိုက်ရအောင် Edit ပါ ပြီးရင် layer တွေ merge လုပ်ပြီး Ctrl S နဲ့ တစ်ခါတည်းSave လိုက်ပါ။..ဒါကတော့မိမိစိတ်ကြိုက်အပိုင်းပါ။ နောက်ဆုံးအဆင့်အနေနဲ့ မိမိ စိတ်ကြိုက်ဖြစ်တာနဲ့ စောစော က Tool ကိုပြန်သွားပြီး Make ကိုနှိပ်လိုက်ပါ။ အဲဒါဆို မိမိဖြည်ထားရာဖိုဒါမှာပဲ Logo.bin နဲ့ updat.zip ကို ထုတ်ပေးထားပါလိမ့်မယ်။။အဲဒီတော့ မိမိ logo.bin ကို firmware ဖိုင်ထဲက logo.bin နေရာမှာ Replace လုပ်ပြီး Firmware ကို flash လိုက်ပါ။ ဒါမှမဟုတ် update.zip ကို Recoveryကနေ Flash လုပ်ပြီး logo ချိန်းလိုက်ပါ။ ဟုတ်ကဲ့ ဒါပါပဲခင်ည။အမှားပါရင် တောင်းပန်ပါကြောင်း

Written by
Hanwailinn
sayyoethe.blogspot.com
www.facebook.com/hanwailinn.hanwailinn

No comments:

Post a Comment

You May Also Like