Friday, 3 October 2014

ဖတ်ပါ၊ မှတ်ပါ၊ လိုက်နာပါ


 
(၁)။စာမဖတ် တတ်သော သူသည် “မျက်မမြင်” နှင့် တူ၏။

(၂)။စာဖတ်တတ်ပါလျက် မဖတ်သော သူသည် အသွား ရှိပါလျက် မခုတ်ဘဲထားသော “ဓား”နှင့်တူ၏။


(၃)။စာဖတ်ပါလျက် မှတ်သားခြင်း မရှိသောသူသည် “ရေပြင်၌ ရေးထားသော အရုပ်” နှင့် တူ၏။


(၄)။မှတ်သားပါလျက် ကျိုးကြောင်းမှန်မှား မစဉ်းစားသော သူသည် အစာအာဟာရကို ညက်ညက် ၀ါးမစားဘဲ မျိုချ၍ ၀ါးစားသော သူနှင့်တူ၏။


(၅)။ကျိုးကြောင်းမှန်မှား စဉ်းစားပြီး၊ အမှန်ကို သိပါလျက် လက်ခံကျင့်သုံးခြင်း မရှိသောသူသည် ဟင်းလျာ၏
အရသာကို မြည်းစမ်းကြည့်ပြီး၊ ကောင်းမှန်းသိပါလျက် “မစားသုံးသော သူ”နှင့် တူ၏။


(ဗုဒ္ဓဓမ္မလောက စာစောင်မှ-)
-【လေးအိမ်စု အရှင်ဝိစိတ္တသာရ၏ စကားလက်ဆောင် တရားလက်ဆောင်မှ-】

 

No comments:

Post a Comment

You May Also Like